
၂၀၂၆ အောက်တိုဘာ ၄ တနင်္ဂနွေ ၁၁:၅၈:၂၄
နှစ်နှစ်အတွင်း အခန်းအပ်မယ်ဆိုတဲ့ ကတိကို ယုံကြည်ပြီး ဒေါ်လာသိန်းချီ ပေးချေခဲ့ကြပေမဲ့ The Central နဲ့ The Park မှာ တိုက်ခန်းဝယ်ယူထားသူတချို့ဟာ ခုနစ်နှစ်နီးပါး ကြာလာတဲ့အထိ အခန်းမရသေးဘူးလို့ ပြောကြပါတယ်။

၂၀၂၆ အောက်တိုဘာ ၄ တနင်္ဂနွေ ၁၀:၄၆:၅၅
တစ်နေ့ကို ၂ မြို့နယ်ထက်မနည်း စစ်တပ်ကလေကြောင်းဗုံးကြဲနေကြောင်း အေအေရဲ့ ထုတ်ပြန်တဲ့သတင်းအပါအဝင် နိုင်ငံတဝန်းနဲ့ ကမ္ဘာတလွှားက ထူးခြားသတင်းတွေကို စုစည်းတင်ဆက်ပေးနေပါတယ်။

၂၀၂၆ အောက်တိုဘာ ၄ တနင်္ဂနွေ ၀၃:၁၅:၀၄
ဘောလုံးလိခ်တည်ထောင်သူ ရူပင်တိုဟာ မန်ချက်စတာစီးတီးရဲ့ အီးမေးလ်မှတ်တမ်းတွေ၊ ဘဏ္ဍာရေးဆိုင်ရာမှတ်တမ်းတွေအပါအဝင် ဘောလုံးလောကနဲ့ပတ်သက်တဲ့လျှို့ဝှက်အချက်အလက်တွေကို ဖွင့်ချခဲ့သူဖြစ်ပါတယ်။

၂၀၂၆ အောက်တိုဘာ ၃ စနေ ၁၀:၃၆:၁၈
“တပ်တော်ရဲ့ထောက်လှမ်းရေးက နာမည်ကြီးတယ်။ ဒါကိုကျော်ပြီး မြို့ပြင်ထွက်ဖို့တောင်မဖြစ်နိုင်ဘူး။ ဒါကိုမှ လူအုပ်လိုက်ကြီးတွေထွက်လာတာဆိုတော့ အုပ်ချုပ်ရေးမပါဘဲမရဘူး”လို့ တောင်ကုတ်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

၂၀၂၆ အောက်တိုဘာ ၃ စနေ ၀၃:၀၄:၃၃
မလေးရှားအစိုးရရဲ့ပြန်ပို့ရေးအစီအစဉ်အပေါ် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စိုးရိမ်မှုတွေရှိနေပါတယ်။

၂၀၂၆ အောက်တိုဘာ ၃ စနေ ၁၀:၀၀:၀၅
ရခိုင်ပြည်နယ်က ရသေ့တောင်မြို့နယ်ကို ဒီမနက်ပိုင်းမှာ စစ်တပ်က လေကြောင်း ဗုံးကြဲသွားတယ်လို့ မြေပြင်အခြေအနေသိရှိသူက ဘီဘီစီကိုပြောပါတယ်။

၂၀၂၆ အောက်တိုဘာ ၂ သောကြာ ၀၅:၅၀:၂၈
သေဒဏ်ချမှတ်ခံထားရတဲ့ လူသတ်မှုကျူးလွန်သူဟာ အသက်သေဆုံးစေနိုင်တဲ့ ဆေးနှစ်ကြိမ် ထိုးသွင်းခံရပြီးနောက် အသက်ရှင်ကျန်ရစ်ခဲ့တာကြောင့် တန်နက်ဆီပြည်နယ်ရှိ ဆေးရုံမှာ ကုသမှုခံယူနေရပါတယ်။ ဒီဖြစ်ရပ်ကြောင့် မေးခွန်းပေါင်းများစွာ ထွက်ပေါ်လာပါတယ်။

၂၀၂၆ အောက်တိုဘာ ၁ ကြာသပတေး ၁၀:၄၂:၂၁
ပုံမှန်ဆိုရင်တော့ စစ်တိုင်းတွေရဲ့ တည်နေရာကို ပြည်ပရန်ကာကွယ်ရေးအတွက်ပဲ အဓိကစဥ်းစားပေမဲ့ မြန်မာမှာတော့ ပြည်တွင်းစစ်အခြေအနေကိုပါ မဖြစ်မနေ ထည့်စဥ်းစားနေရပါပြီ။

၂၀၂၆ အောက်တိုဘာ ၁ ကြာသပတေး ၁၂:၁၉:၂၇
အစ္စရေးကို ပျံသန်းလာတဲ့ လေယာဉ်ပေါ်မှာ လေယာဉ်မှူးတစ်ဦးကို ဓားနဲ့ထိုးခဲ့တဲ့ အခြားလေယာဉ်မှူးကို ဆော်ဒီအာရေးဗျမှာ စစ်ဆေးမေးမြန်းနေတယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု ပြောပါတယ်။

၂၀၂၆ စက်တင်ဘာ ၂၆ စနေ ၁၁:၁၇:၀၄
ဘန်ကောက်တခွင် ရွာသွန်းလိုက်တဲ့ မိုးရေချိန်ဟာ ရေမြောင်းစနစ်ရဲ့ ရေထုတ်နိုင်စွမ်းထက် ကျော်လွန်နေတယ်လို့ ကဆက်ဆက်တက္ကသိုလ်၊ ရေအရင်းအမြစ်အင်ဂျင်နီယာဌာနက တွဲဖက်ပါမောက္ခ စီတန်ဆု ပီလိုင်လာကလည်း လူမှုကွန်ရက်မှာ ထောက်ပြထားပါတယ်။

၂၀၂၆ စက်တင်ဘာ ၂၅ သောကြာ ၁၅:၂၁:၀၅
စစ်မှုထမ်းတာ ဂုဏ်ယူစရာလို့ ပြောခဲ့ကြတဲ့ ဝါရင့်အနုပညာရှင်တွေရဲ့ သားသမီးတွေပါ အကျုံးဝင်လာမလားဆိုတဲ့ မေးခွန်းက လွှတ်တော်ထဲအထိ ရောက်ရှိလာပါတယ်။

၂၀၂၆ စက်တင်ဘာ ၂၄ ကြာသပတေး ၁၂:၃၃:၁၀
မြန်မာရေလုပ်သား ၂၀ ပါတဲ့ထိုင်းငါးဖမ်းစက်လှေတစ်စီး ထိုင်းကမ်းလွန်ပင်လယ်ပြင်ထဲနစ်မြုပ်မှုမှာ ရေလုပ်သားအများစုကို လိုင်းကြီးလေထန် ပင်လယ်ပြင်ကနေ ကယ်ဆယ်နိုင်ခဲ့ပေမဲ့ ပင်လယ်ပြင်မှာ ပျောက်ဆုံးနေတဲ့မြန်မာရေလုပ်သား ၅ ယောက် အထိရှိနေပါတယ်။

၂၀၂၆ စက်တင်ဘာ ၂၄ ကြာသပတေး ၀၉:၅၂:၄၆
စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ ဆိုရင် မသမာတဲ့ စီးပွားရေးတွေကို ကိုင်တွယ်ဖို့ ဘာလို့ အရေးကြီးတာလဲ

၂၀၂၆ စက်တင်ဘာ ၂၄ ကြာသပတေး ၁၄:၀၅:၀၅
အကဲခတ်တွေကတော့ တရုတ်နဲ့ အမေရိကန်ကြား လိုလားချက် မတူညီဘူးလို့ သုံးသပ်ကြပြီး တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့လိုလားချက်ဟာ အချိန်တစ်ခုဆိုတဲ့ အတိုင်းအတာလို့ ဆိုပါတယ်။

၂၀၂၆ စက်တင်ဘာ ၂၂ အင်္ဂါ ၁၃:၀၂:၅၆
တစ်ချိန်က အစ္စလာမ္မစ် ဘော်ဒါကျောင်းသားဟောင်းတွေဖြစ်ကြတဲ့ သူတို့ ဇနီးမောင်နှံဟာ သူတို့ ကျောင်းအုပ်ဆရာကြီးရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို ဖွင့်ချဖို့ကြိုးစားရင်း မေတ္တာသက်၀င်ခဲ့ကြတာဖြစ်ပါတယ်။

၂၀၂၆ စက်တင်ဘာ ၂၂ အင်္ဂါ ၁၀:၄၇:၂၂
မြန်မာ့အရေးကျွမ်းကျင်သူ ထိုင်းအမျိုးသမီး ပညာရှင် လာလီတာ ဟန်းဝမ်နဲ့ ဘီဘီစီ မေးမြန်းခန်း

၂၀၂၆ စက်တင်ဘာ ၂၀ တနင်္ဂနွေ ၁၁:၅၁:၀၃
UFC 331 ပြိုင်ပွဲမှာ မြန်မာနွယ်ဖွား ချင်းဖိုက်တာ ဂျော့ရှုဝါဗန် ဟာ ချန်ပီယံဟောင်း ပန်တိုဂျာကို အနိုင်ယူပြီး သူဟာ UFC Flyweight ဝိတ်တန်း ရဲ့ စစ်မှန်တဲ့ ချန်ပီယံတစ်ယောက်ဖြစ်တယ်ဆိုတာ သက်သေထူလိုက်ပါပြီ။ ဒီပွဲဟာ လက်ရှိ ချန်ပီယံ နဲ့ ချန်ပီယံဟောင်း နှစ်ဦးတို့ အားပြိုင်ကြတယ်ဆိုတာထက်ပိုပါတယ်။

၂၀၂၆ စက်တင်ဘာ ၂၀ တနင်္ဂနွေ ၀၂:၀၁:၄၀
နိုင်ငံတကာအခင်းအကျင်း၊ အာရှ-ပစိဖိတ် ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေးဆိုင်ရာ အန္တရာယ်များနဲ့ စိန်ခေါ်မှုတွေစတဲ့အကြောင်းအရာတွေကို ဆွေးနွေးကြတဲ့ ဒီဖိုရမ်မှာ မြန်မာကတော့ “ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အခန်းကဏ္ဍနဲ့ မျှော်မှန်းချက်” ဆိုတဲ့ ခေါင်းစဥ်အောက်မှာ ရှိနေပါတယ်။

၂၀၂၆ စက်တင်ဘာ ၁၇ ကြာသပတေး ၁၂:၀၁:၁၄
စစ်မက်ဇုန်ထဲက မသန်စွမ်းကလေးတွေရဲ့ ပညာသင်ကြားခွင့်အတွက် အခြေအနေ အရပ်ရပ်ကို ခြုံကြည့်ရရင်တော့ ကျောင်းရောက်ဖို့၊ ကျောင်းရောက်ရင်လည်း ပညာတတ်ဖို့က အတားအဆီးတွေ ရှိနေတာကို ပညာရေးကဏ္ဍမှာပါဝင်သူတွေရဲ့အဖြေတွေအရ သိရပါတယ်။

၂၀၂၆ စက်တင်ဘာ ၁၆ ဗုဒ္ဓဟူး ၁၁:၀၄:၀၀
ကိုးကန့်က နေပြည်တော်ကိုငြိမ်းချမ်းရေးလာဆွေးနွေးတဲ့အခါ ဗိုလ်ချုပ်စိုးတင့်ရဲ့ကံကြမ္မာက အပြောင်းအလဲဖြစ်နိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။

၂၀၂၆ စက်တင်ဘာ ၁၄ တနင်္လာ ၁၂:၀၁:၂၂
လက်ရှိ မြန်မာနိုင်ငံက ခိုးဆိုးလုနှိုက်သူတွေရဲ့ပစ်မှတ်စက်ကွင်းထဲမှာ အရပ်သားတွေသာမက ရဲတပ်ဖွဲ့ဝင်တွေပါ ပြေးမလွတ်တော့ပါဘူး။ ပိုပြီးထူးခြားတာက ခိုးဆိုးလုနှိုက်သူတွေက ရဲတပ်ဖွဲ့ဝင်တွေပါဖြစ်နေတာပါ။ စက်တင်ဘာ ၆ ရက်နေ့က ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ရဲမှူးသားသတ်ဖြတ်ခံရပြီး အလောင်းစွန့်ပစ်ခဲ့သူဟာ ရဲတပ်ဖွဲ့ဝင်ဖြစ်နေတာကလည်း ဥပမာကောင်းတစ်ခုပါ။ ဒီလိုဖြစ်စဉ်တွေ ဘာကြောင့် ဖြစ်လာလဲဆိုတာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးကြီးဟောင်းတွေ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန အငြိမ်းစားအရာရှိတွေကို မေးမြန်းထားပါတယ်။

၂၀၂၆ စက်တင်ဘာ ၁၂ စနေ ၁၂:၀၃:၄၄
“ယန်း သုည” တနည်းပြောရင် “လစာငွေ သုည” လို့ ဖော်ပြထားတဲ့ လစာစာရင်းတစ်စောင်ကနေ စတင်ခဲ့တဲ့ အမှုတစ်ခုပါ။ ဂျပန်ရောက် မြန်မာအမျိုးသမီးတစ်ဦးက အလုပ်ရှင်ကို တရားစွဲပြီး အနိုင်ရခဲ့တဲ့ ဒီဖြစ်ရပ်ဟာ ဂျပန်ရောက် မြန်မာလုပ်သားတွေအတွက် အရေးပါတဲ့ စီရင်ချက်တစ်ခု ဖြစ်လာပါတယ်။

၂၀၂၅ ဧပြီ ၁ အင်္ဂါ ၁၁:၅၇:၃၁
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်